အသည်းကွဲခြင်း
အကြောင်းတစ်ခုရှိပါတယ်ဗျို့။ တစ်ခုဆိုလို့ တစ်ခုတည်းလို့တော့ပြောလို့
မရပါဘူး အကြောင်းတွေကတော့ အများကြီးပေါ့။ အဲ့ဒီအကြောင်း ထဲက ကျွန်တော်
မှတ်မိတဲ့ ဟာလေးတွေကို အားလုံးသိအောင် ရင်ဖွင့်လိုက်မယ်နော်...။
ပထမ အကြောင်းက တော့ အမ်းပတီးဝတ်သောက် ကျတ်သရေ စုတ်ပျက်သက် ပွန်ပဲ့နေသော
ကွန်နက်ရှင်ကြောင့်လို့ပြောရင်မမှားပါဘူး။ နောက်တစ်ခုကတော့
ကျောင်းတက်နေရတာရယ် ကျောင်းမှာအသည်းကွဲခဲ့တာရယ်ပေါ့ဗျာ...။
အဲ့ဒီအသည်းကွဲပုံကိုတော့ ကျွန်တော် အားလုံးကို ရင်ဖွင့်ချင်လွန်းလို့
တင်လိုက်ရခြင်းပဲဖြစ်ပါတယ်ဗျို့...။ ကော်နက်ရှင်အကြောင်းတော့ တကူးတက
ပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်နော်...။
အသည်းကွဲပုံကတော့....
ကျွန်တော် ကျောင်းစတက်တဲ့နေ့ပေါ့ ကျွန်တော် ကောင်မလေးတစ်ယောက်ကို
တွေတယ်ဗျ ဟိဟိ.. ဒါနဲ့ သူနဲ့ ပတ်သက်သမျှ တွေအားလုံးကို စုံးစမ်းတာပေါ့။
စုံစမ်းတာက တော့လွယ်ပါတယ် အကြံပေးအရာရှိပဲဟာကို ဟုတ်ဘူးလား...
အဲ့ဒါစုံစမ်းဖို့ ကျွန်တော့်ရဲ့ ဘယ်လက်ရုံးနဲ့ ညာလက်ရုံး ဖြစ်တဲ့
ရွှေဝါနဲ့ အောက်နက်ကို စုံစမ်း ခိုင်းလိုက်တာပေါ့။ သူတို့ နှစ်ယောက်ကလည်း
တော်တယ်ဗျ...။ သူ့ရဲ့ ကျူရှင်ကအစ ဘယ်နေရာမှာ ဘယ်လိုချော်လဲတာကအဆုံး
ကျွန်တော် အကုန်သိတာပေါ့။
ဒါနဲ့ တစ်နေ့ ကျတော့ ကျွန်တော် သူ့ကို ရီးစားစာ တစ်ဆောင်ပို့ လိုက်တယ်။
အဲ့ဒီစာ အပြည့်အဆုံကို လည်းကျွန်တော် ရေးပေးပါ့မယ်
စာအပြည့်အစုံကတော့ -
သို့
ချစ်လှစွာသော... သမီး
သမီးရေ... ကိုယ်တော့ သမီးကို အရမ်းချစ်သွားပြီကွယ်။ သမီးရော ကိုယ့်ကို
ပြန်ချစ်နိုင်မလား။
(မှတ်ချက်။ ။သူငယ်ချင်း အချင်းချင်း ချစ်စနိုးနဲ့ ခေါ်ရတွင်
သားကြီးဟုခေါ်လေ့ရှိရာ ယခုလည်း ချစ်စနိုးနှင့် သမီးဟု ခေါ်ခြင်းဖြစ်သည်။)
ကိုယ်သမီးကို ဘယ်လောက်ချစ်လည်း သမီးမသိဘူး မဟုတ်လား။ အင်းလေ..
ဘယ်သိပါ့မလဲ ကိုယ်တောင်မှ မသိတာကို။ သမီးကိုယ့်ကို ပြန်ချစ်ပါနော်...
ကိုယ့်သူငယ်ချင်းတွေအားလုံး ရီးစားရကုန်ပြီ ကိုယ်တစ်ယောက်တည်းကျန်တော့တာ
အဲ့ဒါကြောင့် ကိုယ့်ကို အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး
ပြန်ချစ်ပါနော်...။ သမီးမှမချစ်ရင်လေ ကိုယ့်ဘ၀က တစ်ကောင်ကြွက် မြေကြွက်
လည်ကြွက် ကြီးဖြစ်လို့ နေပါပြီ။ အင်းလေ ဒါလဲကောင်းပါတယ်
ထန်းရည်ဆိုင်မှာဆို လည်ကြွက်တစ်ကောင်ကိုးရာတဲ့... ဈေးကောင်းရတယ်လေ။
မဆိုးပါဘူးနော်... ။ ဒါနဲ့ ထန်းရည်က သိပ်မကောင်းဘူးသိလား သောက်ပါများတော့
သွေးအားနည်းလာတယ် အဲ့ဒါကြောင့် ကိုယ်ဟိုက်ကော်မရှင်ပြောင်းသောက်မလားလို့
စဉ်းစားနေတာလေ။ အဲ့ဒါသောက်ဖို့် ကလည်း ဈေးက ကြီးဆိုတော့
သိပ်မသောက်နိုင်ဘူး။ အဲ့ဒါကြောင့်တစ်ခါတည်း ပိုက်ဆံချေးလိုက်ပါလား
သိပ်မများပါဘူး သုံးသောင်းလောက်ပါပဲ နော်....။ အဲ့ဒါမှ ငါးကင်နဲ့
ဟိုက်ကော်မရှင်မြည်း လို့ရမှာပေါ့။ သမီးကို ကိုယ်အရမ်းချစ်တယ်ကွာ
သမီးကိုယ့်ကို ပြန်မချစ်နိုင်တောင် နည်းနည်းလေးတော့ ပြန်ချစ်ပေးပါနော်...
။
ကိုယ့်ကိုချစ်ရင်စာပြန်ပါ ကိုယ့်ကိုမချစ်ရင် ဒီစာကို
ဖွင့်တောင်မဖတ်ပါနဲ့ နော်... ။
သမီးကိုသိပ်ချစ်တဲ့
ဖေပြည့်
အဲ့ဒါကတော့ စာအပြည့်အစုံပါပဲဗျို့။ အဲ့ဒီစာကို ပေးပြီးနောက်တစ်နေ့
လည်းကျရော သူ့ကို တွေ့တွေ့ခြင်း သွားလေးပဲ ဖြီးပြလိုက်သေး
စတီးချိုင့်နဲ့ကို လိုက်ရိုက်တာပဲဗျို...။
ကျွန်တော်ဘာအမှား လုပ်မိလို့ ရုပ်မြင်ရိုက်ချင်ပါစေဆို ပြီးဖြစ်သွား
တာလဲတော့တိဝူး အခုတော့ တော်တော်ညစ်နေပြီဗျို့...
Comments
ကောင်းတယ်...ကောင်းတယ်
ဒီကန်မလေးကွာ... စတီးချိုင့်နဲ့ ခုတ်ရမှာမဟုတ်ဘူး... ကင်ဒို နဲ့လိုက်ခုတ်ရမှာ...
တီးဖို့ဟုတ်ဘူး
ဖြစ်မှ ဖြစ်ရလေ
တော်သေးတာပေါ့ စတီးချိုင့်လေးဖြစ်နေလို့
ငှက်နဲ့သာဆို ပြေးပေါက်မှားမယ်