ခရေပင်လမ်း

တစ်လမ်းလုံး.....ကြွေ။
ဒလိမ့်ခေါက်ကွေး
အပြေးအလွှား
ကြွေခဲ့တာမှမဟုတ်တာ။
လှလှပပ လေမှာပျံဝဲ
ရဲ့ရဲ့ရင့်ရင့်
ကြွေလွင့်ခဲ့ကြတာပဲဟာ။
ကောက်သူ....မရှိ
ဖြတ်သွားသူတွေရဲ့
စိတ်ထဲမှာ သင်းပျံ့တယ်ဆိုရင်ပဲ
ကြွေရ ကျိုးနပ်ပါတယ်။
မြောင်းထဲမှာပဲ မျောမျော
သဲနဲ့ပဲ ရှပ်ရှပ်
လေပြင်း မုန်တိုင်းပြဇာတ်ထဲမှာ....
နောက်လဲအမြဲ ကြွဦးမှာမို့
မင်းသာလာခဲ့မယ်ဆိုရင်
အကြမ်းဆုံး
တစ်လမ်းလုံး ကြွေမယ်.....။