အရူးပေါဂိုဏ်း၏ အကြံပေးအရာရှိ

ကျွန်တော်အရူးပေါဂိုဏ်းကိုမ၀င်ခင်က ကျွန်တော်ကရုပ်အရမ်းတည်တာဗျ(ဟဟ)။
ကျွန်တော်က တစ်ခါတစ်လေတည်တယ် တစ်ခါတစ်လေကျတော့ပေါတယ် တစ်ခါတစ်လေကျပြန်တော့လဲ နဲနဲကြောင်တယ် ဟီး…..။ အဲ့ဒါလို "တည်ပေါကြောင်" လို့ပဲခေါ်မှာပေါ့နော်။ ကျွန်တော်က လူတင်ပေါတာဟုတ်ဘူးဗျ အိမ်မှရှိတာအကုန်ပေါတယ် ဟီး ကြွားတာတော့ဟုတ်ပါဘူးဗျာ ကျွန်တော်တို့ သားမိသားဖ သုံးယောက်စီးဖို့ ကားတင်ပဲ ၁၅ စီး လောက်ရှိတယ်။ ကျွန်တော်တို့ကနယ်မှာလဲလယ်တွေဘာတွေပိုင်တယ်လေ သိပ်တော့်ပိုင် ပါဘူးဗျာ ဧက ၁၀၀၀၀ လောက်ပဲရှိတယ်။ အဲဒါလယ်သမားတွေပင်ပန်းမှာစိုးလို့ ကျွန်တော် တို့အိမ်မှာရှိတဲ့ ပြိုင်ကား ၅ စီးပို့ပေးလိုက်တယ်လေ။ အဲ့ဒါကျွန်တော်က ကားတွေနည်းသွား လို့ဆိုပြီး Mark X သုံးစီးထက်ဝယ်တာ ကျွန်တော့် အဖေက ကားတွေထက်ဝယ်ရမလားဆို ပြီးမီးရှို့မယ်လုပ်တာနဲ့ မနည်းဆွဲထားရသေးတာ။ သြော်… ဒါနဲ ကျွန်တော်လေလံပစ် စရာ တစ်ခုရှိတယ်တိလား အခြားတော့ဟုတ်ပါဘူး ကျွန်တော့် အမတစ်ယောက်ပါ သူကတော်တော် ချောတယ်နော်(ဟက်ဟက် ကျွန်တော်နဲ့တူလို့) ဒါပေမဲ့ပေါင် ၂၀၀ လောက်တော့ရှိတယ် (ကျွန်တော်နဲ့မတူလို့ပေါ့)။ အဲ့ဒါ ကျွန်တော့်ကိုဆက်သွယ်ချင်တယ် ဆိုရင်တော့ 199 ကိုသာ နှိတ်လိုက် ပြီးရင်လှိုင်မြို့နယ်ကိုသာခေါ်လိုက် သူတို့လာကိုင် ရင်ကျွန်တော့နာမည်ကိုသာခေါ်လိုက် (ကြွေးတွေလိုက်တောင်းလိမ့်မယ် ဟိဟိ) လူကိုယ်တိုင်တွေ့ချင်တယ် ဆိုရင်တော့လှိုင်မြိုနယ်ကိုလာခဲ့ လှိုင် ၁၆ မှာ ကိုပြည့်လို့သာ အော်ခေါ်လိုက် (ပြီးရင်တော့လွတ်အောင်ပြေးတော့ ဟိဟိ) ကျွန်တော့်ကို အဲ့ဒီလိုချစ်ကျတာ ဟီး…

Comments