အဖွဲ့ဝင်အသစ်များခေါ်ယူခြင်း

အစည်းအဝေးအမှတ်စဉ် ၀၀၀၀၀၀၀/၂၀၀၈ အရ ရူးပေါဂိုဏ်းကြီးကို ၂၉ရက် အောက်တိုဘာလ ၂၀၀၈ခုနှစ်တွင် ရန်ဒန်မြို့ တွင်စတင်ဖွဲ့စည်းခဲ့သည်။
အသင်းကြီးသို့ဝင်ရောက်လိုသူများသည် ရန်ဒန်မြို့ ကွန်မန်းဗုံးဌာနတွင် စရင်းပေးသွင်းနိုင်သည်။
အသင်းဝင်ရန် စည်းကမ်းချက်များမှာ-

၁.အမှန်တကယ် ပေါသူဖြစ်ရမည်။
၂.ဘလော့ဂါဖြစ်ရမည်။
၃.တလလျှင်အနည်းဆုံး တခါကိုယ့်ဘလော့တွင် ရူးပေါခြင်းအမှူပြုရမည် ရူးပေါသောအမှူကိစ္စများကို ပေါခြင်းဟူသော Label အောက်တွင်ထားရှိရမည်။
၎.သူများဘလော့များတွင် လိုက်လံပေါခြင်းကို အခါအားလျှော်စွာ ပြုလုပ်ရမည်။
၅.အတည်အတန့်ပို့စ်များတွင်လည်း အခါအားလျှော်စွာပေါရမည်။

မှတ်ချက်။ ။တွေကရာ၈သောင်းblogမှ copy အဲလေ... မှိငြင်းခြင်းဖြစ်သည်။

အသင်းဝင်လိုသူများသည် ရန်ဒန်မြို့ တွင် တိုက်ရိုက်သော်၎င်း သွယ်ဝိုက်၍သော်၎င်း ပေးချင်သလိုပေး၍သော်၎င်း စရင်းပေးသွင်းနိုင်သည်။

အသင်းဖွဲ့စည်းပုံမှာ-
သဘာပတိ - ကိုကိုဂျဲ
နာယက - မတူးတူးသာ
ဥက္ကဌ - ကိုအန်ဒီ
အတွင်းရေးမှူး ၁ - ကိုဂါဒင်နာ
အတွင်းရေးမှူး ၂ - ကိုဗီလိန်
စည်းရုံးရေးအမှုဆောင် - နန်းညီ
အကြံပေးအရာရှိ - လူတော်လေး
အသင်းသားချုပ်ကြီး - ခေါင်ခေါင်

အသင်းဝင်ရန်လူများမှာများပြားလွန်းသည်ဖြစ်သောကြောင့် အချိန်မီလာရောက်စရင်းပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
(မှတ်ချတ်။ ။ပေါနေရင်းအပေါလွန်ပြီး ဂေါက်သွားပါက စလုံးတွင်ကိုကိုဂျဲ၊ မြန်မာတွင် apyae1 က တကူးတက ဆေးခန်းပို့ပေးမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။)

ပုံ/
apyae1
(အကျန်ပေးအရာရှိ ချုပ် မှူး ဟူး ဘူး ဗျူး)