ဆုံမှတ်

မျဉ်းပြိုင်နှစ်ကြောင်းတောင်မှ
Infinity မှာ ဆုံနိုင်သေးတာပဲနော်…
နင်နဲ့ ငါ့အတွက်က
မျှော်လင့်ချက်ငွေ့ ငွေ့ လေးတော့
ဖျစ်ညှစ်ဆုပ်ကိုင်ထားလို့  ရရမှာပေါ့။
ဖျော့ရော့လာတဲ့
ယုံကြည်ချက် မှုန်ဝါးဝါးတွေအောက်မှာ….
ငါ့ကိုယ်ငါ
ခွေယိုင်ပြိုလဲ မသွားအောင်
ပြန်ပြန် တွဲကူပေးနေရတယ်…။
နင်အိပ်မောကျနေတဲ့ ခုချိန်မှာ
ကြောင်တောင်တောင် ဖြစ်နေတဲ့ ငါ့မျက်လုံးကိုပဲ
ဒေါသတကြီး ဆဲဆိုနေမိတယ်လေ….။
ရေးခြစ်စရာတွေ
ကုန်သွားတဲ့နေ့ ရောက်မှ
နင့်အတွက်ခံစားမိတဲ့ စကားလုံးတွေကို …သေမိန့် ချမှတ်မယ်..၊
နင့်ဘက်ကတော့
ငါ့အတွက် ခံစားရတဲ့စကားလုံးတွေ…
အစောကြီးကတည်းက သေသွားခဲ့တာနော်…။

from aunghtetnaing@gmail.com