GTALK အသုံးပြုတဲ့ လူတွေကို သွေးတိုးစမ်းလာတဲ့ VIRUS အသစ်ချက်ချွတ်...
Monday, October 20th, 2008
ဗိုင်းရပ်ဆိုတာရဲ့ ကိုက်ခြင်းကို မခံရသေးဘူးဆိုတဲ့လူဟာ.... လွန်ခဲ့တဲ့ ၁၀ နှစ်ကာလလောက်ကို ခေတ်နောက်ကျသွားပြီလို့ဆိုလို့ရတယ်။ ကဲ ..ဘယ်သူ မခံရသေးဘူးလဲ....... ဒါဆိုရင် ဒီလင့်ကိုသာ click ပြီး ဒေါင်းလုပ်ချ ပြီး ရင် ဖွင့်ကြည့်လိုက်....
နိင်ငံရပ်ခြားက သမီးရီးစားနဲ့တောင် ကွဲသွားနိုင်တယ်ဗျာ။။ အဲဒီလိုစွမ်းတယ်ဗျ။
၁။ Yahoo Massenger ကို အော်တိုမက်တစ် ထထပြီးတော့ RUN မယ်။
၂။ ပြီးရင် google talk ဒါမှမဟုတ် gmail ကို သုံးလိုက်တာနဲ့ အော်တက်မက်တပ် စာတွေလိုက်ပို့နေမယ် ။ ဟဲလို ဘာညာသာတကာ ပြောလာတဲ့ ကလားတစ်ကောင်ကိုတွေ့ရမယ်။
၃။ ၀င်းဒိုးစန်စကတော့ ကျီးဘောင်နည်းနည်းထိသွားမယ် ။ အဲ system 32 ထဲမှာ chrome.exe ကို run မယ် ( google ရဲ့ chrome browser သုံးနေရင်တော့ ဘာတွေဖြစ်မလဲဆိုတာ ကိုယ့်ဘာသာကိုယ်လေ့လာလိုက်။
၎။ ထုံးစံမပျက် Tesk Manager, Folder option , regedit တွေကို လုံးဝကိုင်တွယ်လို့ရမှာမဟုတ်ပါ။
၅။ system Restore လုပ်မယ် မကြံနဲ့ မျိုးပါကန်းသွားမယ်။
ကျနော်ကတော့ ရှည်ရှည်ဝေးဝေး သိပ်ပြီးမစမ်းသေးဘူး။ ပရောဂျက်တွေရိလို့ မီးလာတဲ့ အချိန်လေးမှာ အချိန်ရှိခိုက်လုံ့လစိုက်ရတာမို့ပါ။
ဒါ တောင် သူငယ်ချင်းဖြစ်တဲ့ စည်တို .. အဲ ..ချစ်ကေ ရဲ့ (KLK) အင်ကြာနက်ဆိုင်မှာ ဘေသုံးရင်း ဟောဒီရွှေဘုန်းလူကစမ်းသပ်ခဲ့တာကို ဖေါက်သည်ချပါတယ်။
ဘယ်လိုရှင်းမလဲ
လွယ်ပါတယ်။ သိပ်မခက်ပါဘူး ထုံးစံအတိုင်းပါပဲ။
၁။ စက်ထဲမှာရှိနေတဲ့ privateCam_vo.1.exe ဆိုတာကို မရမချင်းရှာ။ ပြီးတော့ SHIFT+ DeL လုပ်ပြစ်လိုက်
( သို့သော် လုံးဝဖျက်မရပါ)
၂။ user permission တွေကိုထိတဲ့အတွက် ဒါနဲ့ပါတ်သက်ရင်လက်နဲ့ကိုင်ဖို့တောင်မစဉ်းစားနဲ့
၃။ Ccleanerသုံးတယ် ပြီးတော့ startupထဲက program တွေဖြစ်တဲ့
(့ Yahoo Messengger ...... C:\Windows\system32\chrome.exe)
(Yahoo!Pager ..................."C:\Program
Files\Yahoo!\Messenger\YahooMessenger.exe"-quiet)
(Alcmtr ..................................ALCMTR.EXE) တွေကိုဖျက်ပစ်လိုက်
၎။ သင့်ဆီမှာ Not32 ရဲ့ Flashy fix အတွဲလိုက်ကိုထုတ်သုံး။ ကပ်စပါတွေ ဘာတွေညာတွေလာမမေးနဲ့ လျှာတောင်ထုတ်ပြသွားအုံးမယ်။
၅။ Restart လုပ်ပြီးပြန်သုံးလိုက်။
RM/ Deep Freezeသုံးထားတဲ့စက်ဆိုရင်တော့ ဘာတွေမှမလုပ်နဲ့ restart ကိုသာမြန်မြန်ချလိုက်။ ပြီးရင် user policy ကိုပြန်ရအောင်ခေါ်လိုက်ဖို့ပဲလိုတယ်။

by apyae1@gmail.com