အမှန်တရား

အမှန်တရား . . . တဲ့။
ဘယ်သူတွေ
ခဏခဏ ပြောနေကြတာလဲ။
အမှန်တရား...အကြောင်း
ကောင်းကောင်းသိချင်ရင်
မျိုသိပ်နိုင်အောင်ကြိုးစားပါ။
ဒါပေမဲ့...
တစ်ချိန်ချိန်မှာ
ပြန်ဖော်ထုပ်ဖို့ မမေ့နဲ့။
အဲ့ဒီအချိန်...
အမှန်တရားဟာ
တိမ်တိုက်ထဲက
အလိုလိုထွန်းလင်းလာပြီး
လစန္ဒာပမာ အေးမျှတဲ့
အလင်း ပေးလိမ့်မယ်...
လောလော ဆယ်တော့...
ငါ့ကို Beer တစ်ခွက်ပေးပါ။ ။
by apyae1@gmail.com