အရက်၏ ကောင်းကျိုးများ
အရက်...............
အရက်ကဆိုးကျိုးတွေ အများကြီးရှိပါတယ်။ အဲ့ဒီဆိုးကျိုးတွေကိုတော့လူတို်င်းသိပါတယ်။
ဒါကြောင့်အထူး တလှယ်မပြောပြတော့ပါဘူး။ (ကျွန်တော်မသိတာလဲ ပါတာပေါ့.... :P)
ဒါပေမဲ့အရာရာ မှာကောင်းကျိုးနဲ့ ဆိုးကျိုးက ဒွန်တွဲနေတာလေ။ (အကြောင်းပြချက်ပေါ့ဗျာ)
အဲ့ဒါဆို ကောင်းကျိုးတွေကရော (ရမ်းဖြီးတော့မယ်)
ကောင်းကျိုးတွေကတော့ အရက်သောက်ရင်မူးမယ်။ (သြော်.....)
မူးရင်စကားပြောလို့ကောင်းတယ် အထူးသဖြင့် ရီးစားစကားပေါ့။ (ဟယ်ရှက်စရာကြီး..)
အခြားဟာတွေကတော့ အရက်သောက်ထားရင်မချမ်းတော့ဘူးဗျ။
နောက်ပြီးဂစ်တာတီးရင် ရင်ခေါင်းသံအထိရတယ်။ (စမ်းဘူးလို့ပြောတာနော်)
အရက်ကို ရေမရောရင်တော့ အသေစောမယ်နော်။
နောက်ပြီးကံစမ်းမဲလည်းပေးတယ်ဗျ။ (သြော်..လောဘ၊လောဘ)
ပေါင်းသင်ဆက်ဆံရေးမှာလဲ အရမ်းကောင်း၊ (အရက်သမားတွေနဲ့လေ...)
ဒါ့ကြောင့် ကျွန်တော်တို့အားလုံး အရက်ကို ဖြည်းဖြည်းလေးနဲ ဆွဲပြီး သောက်ကြရအောင်နော်။
(မှတ်ချက်။ ။ကျွန်တော်ကြိုက်လို့ပြောခြင်းဖြစ်ပါသည်။)

by apyae1@gmail.com
Comments