နေနှင့်လ
နေလင်းတဲ့နေ့အခါ
နေမင်းကိုမကြင်မုန်းလို့
ရှောင်ပုန်းတာလား။
လသာတဲ့ညအချိန်
နေသူရိန်ဘယ်ဆီသွား
လမင်းကိုမကြင်မုန်းလို့
ရှောင်ပုန်းတာလား။
နေလာတော့လမမြင်
လမြင်တော့နေမတွေ့
ချစ်ဖူးစာဆုံဖို့အရေး
ဝေးကြပြီလေ......။
အချစ်က လဆိုရင်
နေအသွင် ကိုယ့်ဘဝ
လုံးဝမဖြစ်ချင်
တစ်ရက်ကလေးမှ
မမြင်ရလျှင်
တစ်လပင် ထင်ခဲ့
မရွှင်အသည်းရယ်နဲ့
နှစ်ပင်မခွဲချင်ခု
ရင်ထဲမှာချစ်ဆူးစူး
ရူးရချည်ရဲ့ ။ ။
လုံးဝမဖြစ်ချင်
တစ်ရက်ကလေးမှ
မမြင်ရလျှင်
တစ်လပင် ထင်ခဲ့
မရွှင်အသည်းရယ်နဲ့
နှစ်ပင်မခွဲချင်ခု
ရင်ထဲမှာချစ်ဆူးစူး
ရူးရချည်ရဲ့ ။ ။
by apyae1@gmail.com
Comments